Frieren: Beyond Journey's End
「Sousou no Frieren」(2023 Fall season)
Total Episodes: ?
Studio: Madhouse
Genres: Adventure, Fantasy, Drama
ဒီကားလေးကတော့ သာမန် fantasy ကားတွေလို Adventurer Guild ကနေ သူရဲကောင်း squad လေးက စွန့်စားခန်းတွေဖွင့်မယ်၊ Maou (Demon Lord)ကို အနိုင်ယူပြီး ကမ္ဘာကြီးကို ကယ်တင်ကြမယ်ဆိုတဲ့ ဇာတ်လမ်းလေးပေါ့။ ဆိုပေမဲ့ ဒီမှာတော့ ဇာတ်လမ်းအဆုံးက အစဆိုသလို Frieren ဆိုတဲ့ character ကို ဇာတ်အိမ်တည်ပြီး ကြည့်ရှုရမှာပါ။
Frieren ဆိုတဲ့ Elf မျိုးနွယ်ဝင် မှော်ဆရာမလေးက သူ(မ)ရဲ့ party members တွေဖြစ်တဲ့ သူရဲကောင်း Himmel, Priest Heiter, စစ်သည်တော် Eisen တို့နဲ့အတူ Maou ကို အနိုင်ယူပြီး အောင်ပွဲခံကာ ပြန်လာကြပါတယ်။ ဆယ်စုနှစ်တစ်စုအကြာ စွန့်စားခန်းရှည်ကြီး အပြီးမှာတော့ ပါတီကို ဖျက်သိမ်းပြီး နှုတ်ဆက်ဖို့ အချိန်ကျလာပါပြီ။ Elf ဖြစ်တဲ့ Frieren အတွက်တော့ ၁၀ နှစ်ဆိုတဲ့အချိန်ဟာ တဒင်္ဂပါပဲ။
အချိန်တွေ တဖြည်းဖြည်း ကြာညောင်းပြီး သက်တမ်းမရှည်တဲ့လူသားတွေအတွက်လည်း အချိန်စေ့လာပါပြီ။ တစ်ခါကကိုယ့်ရဲဘော်ရဲဘက်တွေ အိုမင်းပြီးသေဆုံးသွားကြတာကို မျက်မြင်တွေ့နေရတဲ့ Frieren အတွက်တော့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ လုပ်ခွင့်မရလိုက်လို့ နောင်တတပွေတသီနဲ့ပါ။ အဲ့ဒီနောင်တတွေကို ပြန်လည်ရင်ဆိုင်ပြီး လူသားတွေကို တဖြည်းဖြည်းနားလည်လာအောင်လုပ်မဲ့ elf မလေးရဲ့ တဖန်ပြန်စွန့်စားပုံကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ကြည့်ရှုရမှာပါ။
♪Op Theme: Yuusha[勇者]♪ကိုသီဆိုသွားမှာကတော့ အားလုံးသိတဲ့ YOASOBI ဖြစ်ပြီး
♪Ed Theme: Anytime Anywhere♪ကို မမ milet ဆိုမှာမလို့ ရှယ်မှရှယ်ပေါ့ဗျာ။
အဲ့ဒီအပြင် ပထမဆုံးလွှင့်မယ့်အပိုင်းက 2 နာရီကြာ special episode ဖြစ်တဲ့အတွက် တစ်ဝကြီးကြည့်ရမှာပါ။ သန်ဘက်ခါထွက်မှာမလို့ ကြည့်မယ့်လူများ ဆက်ဆက်စောင့်နေကြနော်။
Adsကျော်နည်း - Click Here
(Downရန်အရောင်နဲ့စာလုံးတွေကိုနှိပ်ပါ။
Adsခံထားပါတယ်။)
Episode 1
Mega | Gdrive
(Paidတွင်တင်ပြီး။)
Tele vdတိုက်ရိုက်ကိုမှတစ်ခြားဟာတွေပါ
ကြည့်ချင်ရင်Paid Gpရှိပါတယ်။
Telegram Video Paid Group စုံစမ်းရန်ဒီကိုနှိပ်ပါ။
#Frieren #Delta #Fall2023
0 Comments