Jujutsu Kaisen

JUJUTSU KAISEN (SEASON 2)

Genres: Action. Supernatural. School. Shounen
Studio: Mappa
Aired: Jul 6, 2023 to?

Review:


Jujutsu Kaisen ဆိုတာနဲ့ မသိတဲ့လူမရှိသလောက်ပါပဲ။ ကြားဖူးနားဝမရှိရင်တောင် အနည်းဆုံး Gojo လို့ပြောလိုက်တာနဲ့ မျက်လုံးအကာ၊ ဆံပင်ဖြူ ထောင်ထောင်နဲ့ စောက်ချောကြီး တစ်ကောင်ကိုတော့ ပြေးမြင်မိမှာပါ။ အခု ထုတ်လွှင့်မဲ့ Season 2 မှာတော့ သူ့ရဲ့ ကျောင်းနေစဉ်ဘဝကို ဦးတည်ပြီး ပြသမှာဖြစ်ပါတယ်။


Jujutsu Kaisen ရဲ့ အဓိက villain လို့ပြောရလောက်တဲ့ Getou Suguru ဟာ အားလုံးပဲသိကြတဲ့အတိုင်း Gojo Satoru ရဲ့အတန်းဖော်ဖြစ်ပြီး သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ပါ။ တစ်နေ့ကြတော့ သူတို့အတွက် အထူးမစ်ရှင်ကျလာတယ်ဗျ။ ဘာလဲဆိုတော့ Tengen-samaရဲ့ vessel(ဒီမှာတော့ လက်ခံကောင်လို့ ပြန်ပါမယ်ဗျ) ဖြစ်တဲ့ Riko Amanai ကို merger(ပေါင်းစည်းမှု) ရက်မတိုင်ခင်ထိ သက်တော်စောင့်အနေနဲ့ ကာကွယ်ပေးရမှာပါ။ ဒီမှာမေးစရာက Tegen-sama ဆိုတာ ဘယ်သူလဲ?

Tengen-sama ဆိုတာကတော့ ဂျူဂျူဆု လောကရဲ့ အရေးပါတဲ့ အုတ်မြစ်လို့ပြောရတယ်ဗျ။ သူရဲ့ အကာအရံမှော်ပညာကြောင့်သာ ဂျူဂျူဆု ကျောင်းတွေကိုကာကွယ်ပေးထားနိုင်တာ။ ဆိုတော့ သူ့ရဲ့ ဝမ်းတွင်း မှော်ပညာကကြတော့ အမတဖြစ်စဉ်/မသေမျိုးပေါ့။ မသေမျိုးဆိုပေမဲ့ အိုမင်းလာတာကိုတော့ မတားနိုင်ဘူးဗျ။ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာ ခန္ဓာအသစ်တစ်ခုလိုလာတယ်။ ခန္ဓာအသစ်ကို မပြောင်းနိုင်ရင်တော့ Tegen က လူအသိစိတ် တဖြည်းဖြည်းပျောက်ပြီး ကျိန်စာကောင်လိုမျိုး ဆင့်ကဲပြောင်းလဲသွားမှာပါ။ အဲ့ဒါကြောင့် နှစ် ၅၀၀ ပြည့်တိုင်း Star Plasma Vessel တစ်ကောင်နဲ့ ပေါင်းစည်းဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အဲ့လို ပေါင်းစည်းတာကိုမလိုလားဘဲ စစ်မှန်တဲ့ မသေမျိုး Tengen-sama ကိုမှ ကိုးကွယ်ချင်တဲ့ လူတစ်စုလည်းရှိပါတယ်။ အဲ့ဒီအတွက် Tengenရဲ့ vessel ဖြစ်တဲ့ Riko-chan ကိုသတ်ဖို့ ချောင်းနေကြတာပါ။ ဒါကို Gojoတို့တတွေက မသေအောင် ကာကွယ်ပေးရမှာပါ။ တစ်ဖက်ကလည်း Rikoကို လုပ်ကြံဖို့ မှော်ဆရာသတ်သမားလို့ ကျော်ကြားတဲ့ ကြေးစား Fushiguro Toji ကို လွှတ်လိုက်တဲ့အခါမှာတော့ Gojoတို့တတွေ အကြိတ်အနယ်တိုက်ပြီး ကာကွယ်နိုင်ပါ့မလားဆိုတာ ရင်သပ်ရှူမောဖွယ် fight scene အလန်းစားတွေနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။ cour 2ခုစာထွက်မှာမလို့ တစ်ဝကြီးကြည့်ရမှာပါ။ ထွက်တာနဲ့ ညတွင်းချင်း အမြန်ဆုံးတင်ပေးမှာမလို့ စောင်မျှော်ပေးကြပါဦး။

Adsကျော်နည်း - Click Here

(Downရန်အရောင်နဲ့စာလုံးတွေကိုနှိပ်ပါ။
Adsခံထားပါတယ်။)

[1080P]Episode 1
Mega

[1080P]Episode 2

Post a Comment

0 Comments